တီခွန်မြတ် တီခွန်မြတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကွတ်ခိုင် မဲဆန္ဒနယ်
အမည် တီခွန်မြတ်
မွေးသက္ကရာဇ် 30-10-1950
ကျား/မ ကျား
ကိုးကွယ်သည့် ဘာသာ ခရစ်ယာန်
လူမျိုး ကချင်
ယခင်အလုပ်အကိုင် ဥပဒေညွန်ကြားရေးမှူး၊ ရှေ့နေချုပ်ရုံး(ငြိမ်း)
ပညာအရည်အချင်း B.A (Law), LL.B
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
ပါတီအမည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
အဖအမည် ဦးတီခွန်ဂေါင်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
အညွှန်း LINK
လိပ်စာ ဃ/၄၁၇၊ တာမိုးညဲလမ်း၊ ရပ်ကွက်(၄)၊ ကွတ်ခိုင်မြို့
ကိုယ်ရေးအကျဉ်း Stella Maris Convent၊ တောင်ကြီး အ.ထ.က၊ မေမြို့ အ.ထ.က - ၅ တို့တွင် အခြေခံပညာသင်ကြားခဲ့ပြီး ရန်ကုန်ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ ကိုရရှိခဲ့ပါသည်။ ၁၉၇၅ ခုနှစ်တွင် အလုပ်သင်ရှေ့နေအဖြစ် လက်တွေ့သင်ကြားပြီး ၁.၃.၁၉၇၆ တွင် ဥပဒေဝန်ထမ်းအဆင့် ၄၊ ၁၉၈၁ မှ ၁၉၈၄ ထိ ကွတ်ခိုင်မြို့နယ် ပြည်သူ့ကောင်စီအလုပ်အမှုဆောင်၊ ၁၉၈၅ မှ ၁၉၈၈ ထိ တောင်ငူမြို့နယ် ဥပဒေရုံးတွင် ဥပဒေဝန်ထမ်းအဆင့် ၃၊ ၁၉၈၈ မှ ၁၉၉၀ထိ ကွတ်ခိုင်မြို့နယ် မဝတ အတွင်းရေးမှူး၊ ၁၉၉၀ မှ ၇/၂၀၁၀ ထိ ရှေနေချုပ်ရုံး ဥပဒေညွှန်ကြားရေးမှူး အဖြစ်တွဲဖက်ထားပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုကိုခံယူ၍ ကွတ်ခိုင်ပြည်သူ့စစ်(ဌာနေ)၊ တိုက်ခိုက်ရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခေါင်းဆောင်အဖြစ် အထူးတာဝန်တစ်ရပ်အနေဖြင့် ထမ်းဆောင်ခဲ့ပါသည်။ ၎င်းအပြင် ၂၀၀၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မရှင်တွင်လည်းကောင်း၊ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ကွတ်ခိုင်မြို့နယ်အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်အလုပ်အမှုဆောင်အဖြစ် လည်းကောင်း၊ ကွတ်ခိုင်ပြည်သူ့စစ် (တိုက်ခိုက်ရေးရဲတပ်ဖွဲ့) တပ်ဖွဲ့ခေါင်းဆောင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ထမ်းဆောင်ခဲ့ ပါသည်။ ရဲသူရတံဆိပ် (၁၉၈၉)၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ် (၁၀၈၉)၊ ဝန်ထမ်းကောင်းဆု(၁၉၈၉)၊ ရှေ့နေချုပ်ဒုတိယအဆင့် (၁၉၉၀)၊ ရဲချုပ်ဂုဏ်ထူးဆောင် လက်မှတ် (၁၉၉၃)၊ စီမံထူးချွန်တံဆိပ် တတိယအဆင့်(၂၀၀၂)၊ စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) (၂၀၀၄)၊ ရှေ့နေချုပ်ပထမအဆင့်(၂၀၀၅) တို့ကို ရရှိခဲ့ပါသည်။ ၂၀၁၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုး ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံရပြီး၊ ယခုအခါ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျက်ရှိပြီး၊ မိမိမဲဆန္ဒရှင်ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။