ဝင်းမြင့် ဝင်းမြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တာမွေ မဲဆန္ဒနယ်
အမည် ဝင်းမြင့်
မွေးသက္ကရာဇ် 08-11-1951
ကျား/မ ကျား
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓ
လူမျိုး ဗမာ
ယခင်အလုပ်အကိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ပညာအရည်အချင်း B.Sc (Geology), H.G.P, R.L
ရွေးကောက်ခံရသည့် လွှတ်တော် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
ပါတီအမည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အဖအမည် ဦးထွန်းကြင်
လွှတ်တော်အမတ်အဖြစ် စတင် ထမ်းဆောင်သည့် နေ့ရက် 01-01-2016
အညွှန်း LINK
လိပ်စာ အမှတ်(၃၄/ ၆လွှာ)၊ မဂ္ဂင်လမ်း၊ ကျားကွက်သစ် ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်
ကိုယ်ရေးအကျဉ်း ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာမူလတန်းကျောင်း၊ ဓနုဖြူမြို့ အထက်တန်းကျောင်း၊ ပုသိမ်မြို့ အမှတ်(၆) အထက်တန်းကျောင်းတို့တွင် အခြေခံပညာသင်ယူခဲ့ပြီး ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၌ ဆက်လက်ပညာ သင်ယူခဲ့ရာ B.Sc ဘွဲ့ကို ရရှိခဲ့ပါသည်။ ထို့အပြင် H.G.P., R.L များကို ထပ်မံရရှိခဲ့ ပါသည်။ အမှတ် - ခ/ ၇၊ ကုသိနာရုံ ရပ်ကွက်၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးနှင့် အမှတ်-၁၄၊ မဟာဗန္ဓုလလမ်း၊ (၉)ရပ်ကွက်၊ ဓနုဖြူမြို့၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင် အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေတာဝန်များ ထမ်းဆောင်ခဲ့ ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေး အဖွဲ့အတွင်းရေးမှူး၊ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တို့အဖြစ် ဆောင်ရွက်ခဲ့ပါသည်။